Picture
ဇာတ်ကားက ကျွန်တော့် ခံစားချက်အရတော့ Drama နဲ့ Mystery အမျိုးအစားလို့ သုံးသပ်မိပါတယ်။ ဇာတ်လမ်းကောင်းတခုပါ လီယိုနာဒိုရဲ့ သရုပ်ဆောင်ပီပြင်မှု၊ ဇာတ်လမ်းရဲ့ ဇာတ်အိမ်ခိုင်မာမှု၊ ပြီးတော့ တွေးတောစရာပေးထားတဲ့ Hints တွေနဲ့ အတူ သူလိုချင်တဲ့ ဇာတ်လမ်းရဲ့ Twist တခုကို ကျွမ်းကျွမ်းကျင်ကျင် တင်ပြသွားတာပါ။ အဲဒီမှာ ကျွန်တော် ထူးထူးခြားခြားဂရုစိုက်မိတာကတော့ Screenplay ပါပဲ။ ကျွန်တော် အကုန်လုံး နားမလည်ဘူးလို့ ၀န်ခံပါတယ်။ ဒါပေမယ့် နားလည်သလောက် သူ့ရဲ့ ဇာတ်ညွှန်းခွဲဝေမှုဟာ အတော်ကို ကျေနပ်ဖွယ်ရာပါပဲ။ ကျွန်တော်ကတော့ ဒီဇာတ်ကားကို ၉/၁၀ လောက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်။     ။ဒင်နီယယ်က ဒီကျွန်းပေါ်မှာပျောက်သွားတယ်ဆိုတဲ့ အန္တာရယ်ရှိ စိတ်ဝေဒနာသည်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ ရောက်လာသူ US Marshall ပါ။ သူနဲ့အတူ သူ့ရဲ့ ပါတနာတယောက် "ချက်" ပါလာပါတယ်။ အဲဒီမှာ သူစုံစမ်းမှုတွေ လုပ်တော့ သူစတွေ့လိုက်တာက သံသယတွေပါပဲ။ အဲဒီသံသယတွေ နောက်ကိုလိုက်ရင်းလိုက်ရင်း US Marshall တယောက် ဘယ်လို စုံစမ်းထောက်လှမ်းတယ်ဆိုတဲ့ အကြောင်းတွေကို ရင်သပ်ရှုမောလောက်အောင် တင်ဆက်ထားတာပါ။




Leave a Reply.