Picture
            ဇာတ်ကြမ်းကြမ်းလေးနဲ့ Action ဇာတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်တော့ နှစ်ခြိုက်စေမယ့် ဇာတ်လမ်းတပုဒ်ပေါ့။ ဒီဇာတ်ကားလေးကို ကြည့်ရင်း John Travolta ရဲ့ တမူထူးတဲ့ သရုပ်ဆောင်ပုံ၊ Meyers ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ ကို လေးစားသဘောကျမိပါတယ်။ တကယ် သရုပ်ဆောင် ပီပြင် ကျွမ်းကျင်သူနှစ်ယောက်က ဒီဇာတ်လမ်းရဲ့ အခရာပါ။ ဒါပေမယ့် ဇာတ်လမ်း၊ ဇာတ်အိမ်တွေကတော့ အားနည်းလွန်းလှပါတယ်။ အဲဒီအတွက် ဒီဇာတ်လမ်းကို ကျွန်တော့် အမြင်အရ ဆိုရင်တော့ ၆/၁၀ လောက် ပေးချင်တယ်။


ဇာတ်လမ်းအကျဉ်းချုပ်။       ။ Meyers က ဒီဇာတ်ကားမှာ ပါရီမှာရှိတဲ့ အမေရိကန်သံရုံးက သံရဲ့ Personal Assistant ပါ။ သူ့ကို သူ့ရဲ့ ဆရာက သဘောကျတာနဲ့ အညီ လျို့ဝှက် အလုပ်တချို့ကို ခိုင်းလေ့ခိုင်းထရှိပါတယ်။ သူကလည်း Secret Special Agent အဖြစ်ကို သဘောကျသူ လိုချင်သူပါ။ နောက်တခုက သူ့မှာ တအိမ်ထဲနေ ချစ်သူတယောက်ရှိတယ် သူအရမ်းချစ်တဲ့ မကြာခင်လက်ထပ်ဖို့ စီစဉ်ထားသူတယောက်ပေါ့။ တရက်တော့ အထက်ကအမိန့်အရ လေဆိပ်မှာ သံသယကြောင့် ထွက်မရဖြစ်နေတဲ့ Wax(John Travolta) ဆိုသူ Special Agent ကိုသွားကြိုရပါတယ်။ သူ့ရဲ့ တာဝန်က Wax ရဲ့ ပါတနာ အဖြစ်အလုပ်လုပ်ဖို့ပါ။ ရောက်မဆိုက်ပဲ သူသိလိုက်တာက Wax ဟာ ခပ်ကြမ်းကြမ်းနေတတ်တဲ့ အပစ်အခတ်ကျွမ်းကျင်တဲ့ Special Agent ဆိုတာပါပဲ။ သူတို့က ပြင်သစ်မှာ ကျင်းပမယ် Africa Summit မှာ လာမယ့် အမေရိကန်ရဲ့ အထက်အရာရှိတယောက်ကိုလည်း အန္တာရယ်က ကင်းအောင် ကြိုတင် နှိမ်နင်းဖို့တာဝန်ယူရပါတယ်။ အဲဒီမှာ သူ့ဇာတ်လမ်းလေးရဲ့ လှည့်ကွက်ကလေးကတော့ သဘောကျစရာပါပဲ။




Leave a Reply.